ခဏတစ်ဖြုတ်ပဲဖြစ်ဖြစ်၊ အလည်သတ်သတ်ပဲဖြစ်ဖြစ်၊ စူးစမ်းချင်လို့ဝင်လာတာပဲဖြစ်ဖြစ်၊ google ကနေရှာတွေ့လို့

အလုပ်ကိစ္စယတြာများ


တစ်နေ့မှာ ကျွန်ုပ်နှင့် ညီရင်းအကိုတစ်မျှ ခင်မင်လှသော ကိုအောင်သောင်းဆိုသောသူသည် ကျွန်ုပ်၏ ဗေဒင်လက္ခ ဏာဟောခန်းအတွင်းသို့ ရောက်ရှိလာလေ၏။ သူသည် ထိုင်းနိုင်ငံတွင် အလုပ်မျိုးစုံ လုပ်၏။ အလုပ်မရှိသေးသူများ ကို အလုပ်ရှာပေး၏။ မြန်မာပြည်မှ လာချင်သူများအား ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေး၏။ မြန်မာပြည်သို့ ငွေပို့ချင်သူများ ကို ငွေပို့ပေး၏။ ငွေလွဲပေး၏။ ဖုံးစကားပြောချင်သူများကို ဖုံးချိတ်ပေး၏။ မလွဲသာမကင်းသာသူများကို ငွေကြေး အတိုးပေး၏။ ထိုကဲ့သို့ အလုပ်မျိုးစုံကို လုပ်၏။ ထို့ကြောင့် သူ့ကို ပွဲစားဟု လူသိများလေ၏။

တစ်ခုကောင်းသည်မှာ သူသည် နာမည်ပျက်ပွဲစားများကဲ့သို့ တစ်ကိုယ်ကောင်းမဆန်ချေ။ လွန်စွာမှလည်း သမာသမတ်ရှိ၍ လွန်စွာမှလည်း ဖြောင်မတ်လေ၏။ လူလိမ်လူညာပေါများသော ခေတ်ကြီးထဲတွင် သူသည်ရှားပါး လှသော ပွဲစားတစ်ယောက် ဖြစ်လေရာ ကျွန်ုပ်သည် သူ့အား တကယ့် မိတ်ရင်းဆွေရင်းတစ်ဦးပမာ သဘောထား၍ ဆက်ဆံခဲ့လေ၏။ မိတ်ဆွေရင်းဆိုတာ စိန်ထက်ပင် အဖိုးတန်ရှားပါးသည် မဟုတ်ပါလား။

သူသည် ကျွန်ုပ်ထံသို့လာလျှင် ပွဲစားလောကတွင် ဖြစ်ပျက်နေသော အကြောင်းအရာ အတွေ့အကြုံ အဖျက်အပျက်များကို ပြောပြလေ၏။ လိမ်တတ်သော ပွဲစားများအကြောင်း၊ ယုတ်မာတတ်သော ပွဲစားများအကြောင်း၊ ကလန်ကကျစ် လုပ်တတ်သော ပွဲစားများအကြောင်း၊ အလွဲသုံးစားလုပ်တတ်သော ပွဲစားများအကြောင်း မှန်မှန်ကန်ကန်လုပ်စားသဖြင့် ပုလိပ်ဖြင့် အတိုင်အတန်း ခံရသဖြင့် ထွက်ပြေးသွားရသော ပွဲစားများအကြောင်း အစရှိသည်ဖြင့် ပွဲစားလောက အဖြစ်အပျက်များကို ပြည့်စုံစွာ ပြောပြလေ၏။ ကျွန်ုပ်တို့ ထိုင်းနိုင်ငံက ပွဲစားလောကသည် လွန်စွာ ရှုပ်ထွေးသည် မဟုတ်ပါလော။

ဂျပန်ဆာမူရိုင်းဇာတ်ကားများတွင် ကြည့်ရသကဲ့သို့ လူဆိုးများအကြောင်း လူသတ်သမားများအကြောင်း အစရှိသည်တို့ကိုလည်း တကယ်လား အမှန်အကန်လား ကြားဖူးနားဝလားတော့ မသိချေ။ သူသည် စကားပြော ကောင်သူတစ်ယောက် ဖြစ်သောကြောင့် လွန်စွာနားထောင်၍ ကောင်း၏။ လွန်စွာမှလည်း စိတ်ဝင်စားဆရာ ကောင်းလေတော့၏။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ထိုအကြောင်းအရာများကို ကျွန်ုပ်သည် ၀တ္ထုရေးမည်ဟုလည်း ရည်ရွယ်ထားလေ၏။

သူသည် ကျွန်ုပ်ထံသို့ ရောက်ရှိလာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေတော့၏။ ဆရာရေ... အခုတလော ဘယ်လို ဖြစ်တယ်မသိပါဘူး။ အလုပ်ကိစ္စနဲ့ အိမ်ကနေထွက်တိုင်း အဆင်ကို မပြေဘူးဖြစ်နေတယ်။ တစ်ခုမဟုတ် တစ်ခု တေ့လွဲလေးတွေ တွေ့နေတယ်။ အဆင်မပြေတာလေးတွေလည်း ရှိတယ်။ အလွဲလွဲအချော်ချော် လေးတွေလည်း ဖြစ်နေတယ်။ အဲဒါ ကူညီပါဦးဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က..

ဒီလို ကိုအောင်သောင်းရဲ့၊ ခင်ဗျားက အလုပ်တော်တော်လေးများတဲ့ လူဆိုတော့ နေ့တိုင်းကို အပြင်သွားနေရတာ မဟုတ်လား။ အဲဒီတော့ ခင်ဗျားကို ကျွန်တော် ယတြာနည်းတစ်ခု သင်ပေးလိုက်မယ်ဗျာ။ ဒီနည်းကို နင်းကြမ်းယတြာနည်းလို့ ခေါ်တယ်ဗျ။ အရမ်းလည်းကောင်းတယ်ဗျ။ အရမ်းလည်း ထိရောက်တယ်။ အလွန် အသုံးဝင်တဲ့ နည်းလေးတစ်ခုပဲ။ ဘာလဲဆိုတော့ အိမ်က အထွက်မှာ နင်းသွားရမယ့်ပန်းတွေ၊ ညာခြေထောက်အောက်မှာ နင်းသွားရမယ့်ပန်းတွေ၊ ခြေထောက်နှစ်ဖက်စလုံးရဲ့ အောက်မှာ နင်းသွားရမယ့်ပန်းတွေ ။ အဲဒါလေးတွေကိုသာ အလွတ်ကျက်ထားပစ်လိုက်ဗျာ။ မကျက်ချင်ရင်လည်း မခက်ပါဘူး။ စာရွက်တစ်ရွက် ပရင့်ထုပ်ပြီး အိမ်မှာ ကပ်ထားလိုက်ပေတော့ဟု ဆိုကာ ကျွန်ုပ်သည် အသင့်ပြုလုပ်ထားသော နင်းကြမ်းဇယားလေးကို ကိုအောင်သောင်းကို ပေးလိုက်လေတော့သတည်း။

မိတ်ဆွေတို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
အလုပ်နေရာ လုပ်ငန်းနေရာ တည်တန့်ခိုင်မြဲစေသောယတြာ
အင်း ဒီတစ်ခါ ကျွန်တော်ဆီ ရောက်လာတဲ့ လူကြီးက အသက်အားဖြင့် (၅၅)လောက်ရှိတဲ့ ထားဝယ်က အမျိုးသားကြီး တစ်ဦးပါ။ သူ့နာမည်က ဦးအေးမောင်တဲ့။ သူ့မှာ မိသားစု အားလုံး(၅)ယောက်ရှိတယ်။ သူရယ် သူ့အမျိုးသမီးရယ်၊ သားသမီးသုံးယောက်ရယ်ပါ။

ထိုင်းနိုင်ငံကိုရောက်နေတာ နှစ်ပေါင်း အစိတ်ကျော်ပြီလို့ သိရတယ်။ သူ့ကလေးတွေတောင် ထိုင်းနိုင်ငံမှာပဲ မွေး၊ ထိုင်းကျောင်းကိုပဲတက်တာ။ မြန်မာပြည်က ဇာတိဆိုတာ ကလေးတွေက ဘယ်ဆီဘယ်ဝယ်နေမှန်းတောင် မသိကြဘူးတဲ့။ ကျွန်တော်က မြန်မာပြည်ကို မပြန်ချင်ဘူးလားလို့ မေးကြည့်လိုက်တော့ သူက ပြန်ပြောတယ်။ ဆရာရယ်တဲ့ ကျွန်တော်လည်း အသက်အားဖြင့် ၅၀ကျော်ပြီ ဆိုတော့ ကိုယ်မြို့ကိုယ်ရွာမှာပဲ အေးအေးချမ်းချမ်း ဘုရားအလုပ်တရားအလုပ်လေးနဲ့ နေချင်လှပါပြီတဲ့။ အဲဒီတော့ ဆရာရယ် ပြန်ချင်တာမှ အရမ်းပဲလို့ ကျွန်တော့်ကို ပြန်ပြောတယ်။

နောက်ပြီး သူက ဆက်ပြောသေးတယ်။ အခုကျွန်တော်တို့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာပြည်သားတွေ အများကြီးပဲ။ သိန်ပေါင်း သန်းပေါင်းအများကြီးရှိတယ်။ သူတို့တွေကို ဆရာလေး တစ်ယောက်ချင်း လိုက်မေးကြည့်ပါလားတဲ့။ မပြန်ချင်ဘူးလို့ ပြောတဲ့လူတစ်ယောက်တွေ့ရင် ကျွန်တော် လည်ဖြတ်ခံတယ်လို့ ။ အားလုံးက ကိုယ့်နိုင်ငံ ကိုယ့်ဇာတိ ကိုယ်အရပ် ကိုယ်ဒေသမှာပဲ အေးအေးချမ်းချမ်း နေချင်တာပေါ့လို့ ပြောတယ်။

အဲဒီတော့ ကျွန်တော်က ပြန်ချင်တာပဲ ဦးလေးရယ်။ ပြန်ပေါ့။ ဘယ်သူက ဦးလေးကို အတင်းတားနေလို့လည်း။ နောက်ပြီး ဦးလေးတို့ ဘယ်အချိန်ပဲ ပြန်ပြန် ကိုယ်ပြည်က အချိန်မရွေး ပြန်လို့ရတာပဲ။ ပြန်ပေါ့လို့ ကျွန်တော်က ပြောလိုက်တော့ ဦးလေးကြီးက ကျွန်တော့်ကို ညင်ညင်သာသာလေး ပြုံးပြလိုက်တယ်။ ဘာမှတော့ ဆက်မပြောတော့ပါဘူး။

သူ့ရဲ့ အပြုံးကို မြင်လိုက်ရတဲ့ အချိန်မှာ ကျွန်တော် တစ်စုံတစ်ခုကို သဘောပေါက်သွားတယ်။ တစ်ခုခုကို နားလည် သွားလိုက်တယ်။ ရုပ်ရှင်တွေထဲမှာ ကျွန်တော် ကြည့်ရတာလေးတွေရှိတယ်။ ဥပမာ ကောင်မလေးတွေ တစ်သိုက်ပေါ့။ ထိုင်းနိုင်ငံကို ထွက်လာတယ်။ လမ်းမှာ ဒုက္ခရောက်တယ်။ လူဆိုးတွေနဲ့တွေ့တယ်။ ဇာတ်လိုက်က လိုက်ပြီး ကူညီပေးတယ်။ ကယ်တင်ပေးလိုက်တယ်။ ပြီးတော့ အဲဒီ ဇာတ်လိုက်က ကောင်မလေးတွေကို ပြောပြတယ်။ နားချတယ်။ သူပြောတာက ဘာတဲ့။ ဒီမှာတဲ့ မင်းတို့က ပြည်ပနိုင်ငံကို အထင်ကြီးပြီး ထွက်လာကြတာ ဆိုတဲ့ စကားကို သူတို့က သုံးနှုံးလိုက်တယ်။

ကျွန်တော်ပြောနိုင်ပါတယ်။ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ လူပေါင်းများစွာဟာ ထိုင်းနိုင်ငံကို အထင်ကြီးလို့ လေးစားလို့ ရောက်လာကြတဲ့လူတွေ တစ်ယောက်မှ မပါဘူစး။ မရှိဘူးဆိုတာပါပဲ။ ဘ၀ကံအခြေအနေ အကြောင်းကြောင်းကြောင့် စားဝတ်နေရေးကြောင့် သမုဒ္ဓရာ ၀မ်းတစ်ထွာကြောင့် ရောက်လာကြတဲ့ လူတွေချဉ်းပါပဲ။ နေနေရတဲ့ ဘ၀မှာလည်း ပျေိာနေတယ်လို့ မထင်ပါနဲ့။ အားလုံးက တစ်နေ့နေ့ မှာ ကိုယ့်အိမ်ကို ပြန်မယ်ဆိုတဲ့ မျှော်လင့်နေတဲ့ လူတွေချဉ်းပါပဲ။ ဒါကြောင့် ကိုယ်နိုင်ငံကြီး တိုးတက်ခေတ်မှီဖွံ့ဖြိုးတဲ့ နေ့ရက်တွေကို စောင့်မျှော်နေတဲ့ လူတွေထဲမှာ အများဆုံးက ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာပြည်သားတွေ အများဆုံးပါ။

ကဲ.... ဦးလေးရယ်။ ကျွန်တော် ဘာကူညီပေးရမလဲဆိုတော့ ဦးလေးကြီးကကျွန်တော်ဆရာလေးဆီက အကူအညီတစ်ခုလောက်တောင်းချင်တယ်။ အခုတလော အလုပ်မှာ အပြိုင်ဆိုင်တွေ ပေါ်လာတယ်။ ဆယ်နှစ်ကျော်လုပ်လာတဲ့ သူဋ္ဌေးဆီက ပြောင်းရမလိုလို ထွက်ရမလိုလို ဖြစ်နေတယ်။ တကယ်လို့ ပြောင်းရရွေ့ ရရင် ကျွန်တော်တိုပ ကလေးတွေ အခြေပျက်သွားမယ်ဆရာ။ ဒါကြောင့် မပြောင်းချင်ဘူး။ ဒီအလုပ် ဒီသူဋ္ဌေး ဒီအခန်းကနေ တစ်ခြား ဘယ်နေရာကိုမှ မပြောင်းချင်ဘူး။ တည်တန့်ခိုင်မြဲနေချင်တယ်။ ဒါကြောင့် ကျွန်တော်ကို ယတြာပေးပါလို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်က ဦးလေးကြီးကို အလုပ်နေရာ အိမ်နေရာခိုင်မြဲစေတဲ့ အောက်ဖော်ပြပါ ယတြာကို ပေးလိုက်ပါတော့တယ်။

အလုပ်နေရာအိမ်နေရာတည်မြဲစေသာယတြာ

အိမ်များတွင်အလှဆင်သော ကြွေပြားတစ်ချပ်မှာ မိမိ၏ နာမည်မွေးသက္ကရာဇ် အပြည့်အစုံရေးပါ။ ပြီးရင် အလုပ်နေရာ တည်တည့်ခိုင်မြဲပါစေ လို့လည်းရေးပါ။ ပြီးရင် အဲဒီကြွေပြားကို ဘုရားစင်ပေါ်တင်ပြီး အဲဒီကြွေပြားပေါ်မှာ ဖယောင်းတိုင်စိုက်ပြီး ဘုရားကို မီးထွန်း ပူဇော်ပါ။ အနည်းဆုံး (၇)ရက်ဆက်တိုက် မီးထွန်းပါ။ အမြဲတမ်း လုပ်ထားနိုင်ရင်တော့ ပိုကောင်းပါတယ်။


သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်-ထိုင်းနိုင်ငံ-မဟာချိုင်မြို့

လိုချင်တာကိုရမှကိုကျေနပ်သည်ဆိုသည့်မူယာအတွက်

သာယာလှပသော နေ့လေးတစ်နေ့၏ ညချမ်းတစ်ခုတွင် ကျွန်ုပ်သည် ကျွန်ုပ်ထံသို့ အီးမေးလ်ပို့၍ ဗေဒင်မေးကြ သော၊ ယတြာတောင်းကြသောနိုင်ငံတကာမှ မိတ်ဆွေများ ပို့၍ ထားသော စာများကို ဖွင့်၍ ကြည့်ရှု့နေ၏။ ထိုစာများထဲတွင် အင်မတန်မှကို ရှည်လျားလှသော စာတစ်ဆောင်ကို တွေ့ရှိရလေ၏။ များသောအားဖြင့် ကျွန်ုပ်ထံသို့ ရေးသားပေးပို့ကြသော စာများသည် များသောအားဖြင့် ခပ်တိုတိုပင် ဖြစ်လေ၏။ လိုရင်းတိုရှင်းပင် ဖြစ်လေ၏။

ထိုစာများကို ကျွန်ုပ်သည် အောက်ပါအတိုင်း (၃)အုပ်စု ခွဲခြားထားလေ၏။ နံပါတ်(၁)အုပ်စုကို တေဇော ဟု အမည်ပေးထား၍ ထိုအုပ်စုထဲတွင် ကျွန်ုပ်၏ ဘလော့တွင် ရေးသားထားသော အဆောင်များ ယတြာများနှင့် ပါတ်သက်၍ မရှင်းလင်းသည်များကို စာရေးသား၍ မေးမြန်းကြခြင်းဖြစ်လေ၏။ ဥပမာ အင်းဖယောင်းတိုင်က ဘယ်နေရာမှာ ထွန်းရမလဲ၊ ယပ်တောင်နဲ့ လက်ပြန်ခပ်တယ်ဆိုတာ ဘယ်လိုပါလဲတို့ အစရှိသည်ဖြင့် မေးမြန်းကြသူများကို ကျွန်ုပ်သည် ချက်ခြင်းပင် ပြန်၍ အကြောင်းပြန်၏။ ထိုကိစ္စသည် ကျွန်ုပ်အတွက် သီးသန့်ထွေထွေထူးထူး ထပ်မံ၍စဉ်းစားစရာမလိုသည့် ကိစ္စများ ဖြစ်နေသည့်အတွက် ချက်ချင်း အကြောင်းပြန်၏။

ဒုတိယအုပ်စု၏ အမည်ကိုမူ ၀ါယော ဟုအမည်ပေးထား၏။ ထိုအုပ်စုတွင် ကျွန်ုပ်ထံသို့ နိုင်ငံတကာမှ ဗေဒင်မေးကြသူများကို ထည့်သွင်းထားလေ၏။ ကျွန်ုပ်သည် ဗေဒင်မေးကြသော သူများကို (၃) ရက်တိတိ ရက်ချိန်းယူ၏။ ၃-ရက်အတွင်း ပြီးစီးအောင် ပြည့်စုံအောင် ဟောစာတမ်းများကို ဆောင်ရွက်၍ ပြန်ပို့ပေးလေ၏။ အကြောင်းအမျိုးမျိုးကြောင့် ဂျီတော့ဖြင့် တိုရိုက်ဗေဒင်မဟောပါ။ ထို့ကြောင့် လူတစ်ယောက်က ဗေဒင်မေးပြီဆိုသည်နှင့် ကျွန်ုပ်သည် (၃)ရက်တိတိ အချိန်ယူ၍ ကောင်းမွန်ပြည့်စုံစွာ ဟောစာတမ်းများရေးသားပေးပို့လေ၏။ ကျွန်ုပ်ရေးသားပေးပို့ပေးလိုက်သော ဗေဒင်ဟောစာတမ်း၏ အောက်ဆုံးတွင် အောက်ပါအတိုင်း ရေးသားပေးပို့ လိုက်၏။

မိတ်ဆွေခင်ဗျား... သင်သည် ကျွန်ုပ်ရေးသား ပေးပို့ပေးလိုက်သော ဟောစာတမ်းများနှင့် ပါတ်သက်၍ ကျေနပ်နှစ်သက်ခြင်း မရှိပါက ကျွန်ုပ်ကို ပြောပါ။ အကယ်၍ ကျေနပ်နှစ်သက်ခြင်းရှိပါက ဗေဒင်မေးခြင်းကို အလိုရှိကြကုန်သော သင်၏ မိတ်ဆွေများအား တဆင့်ပြန်လည်၍ ကျွန်ုပ်၏ နာမည်ကို ပြောပြလိုက်ပါ ဟု ရေးသားပေးပို့လိုက်လေ၏။ ယနေ့အထိ ကျွန်ုပ်ထံသို့ မကောင်းကြောင်း ပြန်လည်၍ ရေးသားပေးပို့လိုက်သော မေးလ်များ တစ်စောင်တစ်လေမျှ မရောက်လာဖူးပေ။ ထို့ကြောင့် ကျွန်ုပ်သည် လက်ရှိ ရေးသားနေသော ဟောစာတမ်း မူများကို ကျေနပ်နှစ်သက်မိလေ၏။

အပြင်ဗေဒင်ဟောခန်းများတွင်လည်း မိမိ၏ ဟောခန်းအတွင်းသို့ လူရင်းများက သူတို့၏ အသိမိတ်ဆွေများကို တစ်ဆင့်ပြန်လည် ခေါ်ဆောင်လာကြ၏။ ဒါက ကျွန်တော်မိတ်ဆွေပါဆရာ။ ကျွန်တော်က ဆရာ့အကြောင်းကို ပြောပြတော့ သူက စိတ်ဝင်စားတယ်။ လိုက်ပို့ပါဆိုလို့ ကျွန်တော် ခေါ်လာတာပါ၊ ဒါက ကျွန်မ အမ၀မ်းကွဲလေဆရာ။ တစ်နေ့တစ်နေ့ အပူတွေများလွန်းလို့ ကျွန်မလည်း မကြည့်ရက်တာနဲ့ ဆရာဆီခေါ်လာတာဆရာရေ။ ကူညီပေးပါဦး အစရှိသည်ဖြင့် တစ်ဆင့် ခေါ်လာကြခြင်းများ ရှိသကဲ့သို့ အွန်လိုင်းပေါ်တွင်လည်း ထိုကဲ့သို့ရှိလေ၏။ ဆရာ ကျွန်တော့်ကိုဘယ်သူက ဆရာ့ဆိုက်လိပ်စာ ပေးလိုက်လို့ပါ။ ဘယ်သူက ညွန်လိုက်လို့ပါ အစရှိသည်ဖြင့် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် သိကြခြင်းလည်း ဖြစ်လေ၏။ ထို့ကြောင့် ကျွန်ုပ်ထံသို့ အီးလ်မေးပို့၍ ဗေဒင်မေးကြသော သူများ၏ စာများကို နံပါတ်နံအုပ်စု ဖြစ်သော ၀ါယောဟူသော အုပ်စုတွင် ထည့်ထားလိုက်၏။

တတိယအုပ်စုကိုမူ ပထ၀ီ ဟု အမည်ပေးထား၍ အမည်ပေးဟောစာတမ်းများကို ထည့်ထားလိုက်၏။ ကလေးအမည်ပေးဟောစာတမ်း လုပ်ငန်းအမည်ပေးဟောစာတမ်း၊ အနုပညာအမည်ပေး ဟောစာတမ်းများကို ထည့်သွင်းထား၍ ဟောစာတမ်းမှာယူသူများကို (၅)ရက်တိတိ အချိန်ယူ၏။ ထို့နောက် မိုက်ကရိုဆော့ဖိုင်နှင့် စာစီထားသည်များကို PDF ဖိုင်းအဖြစ် ပြန်ပြောင်း၍ ပို့ပေးလိုက်၏။ မေးလ်နှင့်လည်း ပို့ပေးလိုက်လေ၏။ ထိုအုပ်စုကိုမူ ကျွန်ုပ်သည် ပထ၀ီဟု အမည်ပေးထားလိုက်လေ၏။

ယခုလည်း ကျွန်ုပ်သည် မည်သည့် အုပ်စုတွင် ထည့်ထားရမည်ကို ကျွန်ုပ်ကိုယ်တိုင်း မစဉ်းစားတတ်အောင် ဖြစ်ရသော အောက်ပါစာတစ်ဆောင်သည် ကျွန်ုပ်၏ ဂျီမေးအတွင်းသို့ ၀င်ရောက်လာလေတော့၏။ ထိုစာမှာ အောက်ပါအတိုင်းပင် ဖြစ်လေ၏။

ဆရာရှင့်...

ကျွန်မနာမည်က မူယာချိုလို့ ခေါ်ပါတယ်။ ငယ်စဉ်တောင်ကျေး ကလေးဘ၀ အရွယ်ကတည်းက စပြီး ကျွန်မရဲ့ အကျင့်က ကိုယ်လိုချင်တဲ့ အရာကိုရမှကို ကျေနပ်တတ်တဲ့ အကျင့်ရှိတယ်။ မရလို့ကတော့ ကျွန်မစိတ်က ဘယ်လိုမှကို မရတော့ဘူးဆရာရေ...။ တစ်ဦးတည်းသော သမီးမို့လားတော့ မသိဘူး။ အားလုံးကလည်း အလိုလိုက်ထားတော့ ကျွန်မက ဆိုးကောင်းတိုင်း ဆိုးနေတာပေါ့ဆရာ။ ကျွန်မသိတတ်တဲ့ အရွယ်ရောက်လာ တဲ့အခါကျတော့ ကျွန်မကို ကျွန်မကောင်းကောင်း သိပါတယ်။ ဒါပေမယ့်ဆရာရယ် ငယ်ငယ်လေးကတည်းက အမြစ်တွယ်လာတဲ့ ဗီဇစိတ်မို့လားတော့ မသိဘူး။ ဘယ်လိုမှကို ပြင်လို့ မရဘူး။

ဖြတ်သန်းလာခဲ့တဲ့ ဘ၀တလျှောက် အသက်အပိုင်းအခြားအလိုက် ကျွန်မ တော်တော်ကို ဆိုးခဲ့ပါတယ်ဆရာ ရယ်။ ဘုရားပွဲက မုန့်လေပွေကို မရအရပူဆာခဲ့လို့ ဖေဖေနဲ့မေမေ မင်္ဂလာဒုံမှာမရလို့ ထောက်ကြံ့အထိ ဆင်းပြီးဝယ်ပေးခဲ့ရတာတွေ၊ ပြောရရင်တော့ အများကြီးပဲ ဆရာရယ်။ အော် ဆရာတောင် ကျွန်မအတွက်နဲ့ ဆရာ စိတ်အနှောက်အယှက်ဖြစ်ရင် ခွင့်လွှတ်ပါနော်။

ကျွန်မအရွယ်ရောက်လာပြီး ချစ်တတ်တဲ့ ရင်ခုန်တတ်တဲ့ အရွယ်ကိုရောက်လာတဲ့အခါကျတော့လည်း ကံမကောင်းစွာနဲ့ ကျွန်မချစ်သူဖြစ်လာတဲ့ သူဟာလည်း ကျွန်မရဲ့ တစ်ယူသန်နိုင်မှု့ကို တော်တော်လေး သီးခံခဲ့ရတယ်။ အရာရာမှာ ဒါမှ ဒါဖြစ်တတ်တဲ့ ဒါရမှ ကျေနပ်တတ်တဲ့ ကျွန်မရဲ့ စိတ်ကြောင့် ကျွန်မရဲ့ ချစ်သူကောင်လေးဟာ တော်တော်လေး စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတယ်ဆရာ။ ဒါပေမယ့် သူက ကျွန်မအပေါ်မှာ တော်တော်လေး သည်းညည်းခံရှာပါတယ်။

ဆရာရေ.. စာကတော်တော်လေး ရှည်နေတော့ ဆရာတော့ တော်တော်လေး စိတ်ဒုက္ခ ဖြစ်မိမှာပဲ။ ဒီလိုပါပဲ ဆရာရယ်။ လောကကြီးမှာ ကျွန်မနဲ့ လာရောက်ထိတွေ့ ပါတ်သက်မိတဲ့ လူသားတိုင်းဟာ အနည်းနဲ့အများ ဆိုသလို စိတ်အနှောက်အယှက်တော့ ဖြစ်ကြရတာပါပဲ။ ဆရာလည်း အပါအ၀င်ပေါ့နော်။ အခုလောက်ပြောရရင်တော့ ဆရာ ကျွန်မစိတ်ကို နားလည်လောက်ပါပြီနော်။ ဆိုလိုတာက ကျွန်မရဲ့ စိတ်က ကိုယ်လိုချင်တာကို ရမှ ကျေနပ်တတ်တဲ့ စိတ်ပေါ့ဆရာရယ်။

အခု ကျွန်မဖြစ်နေတာက အလုပ်လျှောက်မလို့ပါဆရာ။ လောလောဆယ် အလုပ်တစ်ခုကို မရအရ လိုချင်နေတယ်ဆရာ။ မရလို့ကို မဖြစ်ဘူး။ ရန်ကုန်မှာ အလုပ်တွေကတော့ ပေါပါတယ်။ ကျွန်မအရည်အချင်း နဲ့ ဘယ်အလုပ်ကိုပဲ ၀င်လျှောက်လျှောက် ရပါတယ်ဆရာ။ ဒါပေမယ့် ထုံးစံအတိုင်းပေါ့ဆရာရယ်။ ကျွန်မက ဒီအလုပ်မှ ဒီအလုပ် ဖြစ်နေတော့လည်း ဆရာဆီ လှမ်းပြီး အကူအညီတောင်းလိုက်ရတာပဲ။ အဓိကကတော့ ကျွန်မလိုချင်တဲ့ အလုပ်ကို မရရအောင် လုပ်ပေးပါလားဆရာရယ်။ စာထဲမှာ အမှားပါရင် ခွင့်လွှတ်ပေးပါဆရာ။


ကြိုတင်ကျေးဇူးတင်စွာဖြင့်
မူယာချို
ရန်ကုန်မြို့...

ကျွန်ုပ်သည် အထက်တွင်ဖော်ပြခဲ့သော စာတစ်ဆောင်ကို မည်သည့်အုပ်စုတွင် ထည့်ရမည်ကို မခန့်မှန်းတတ် အောင် ဖြစ်နေမိ၏။ နောက်ဆုံးတွင် ကျွန်ုပ် သဘောပေါက်လိုက်သည်ကား မူယာချိုဆိုသည့် မိန်းကလေး တောင်းဆိုသည်ကား အလုပ်ရစေသည့် ယတြာပင်ဖြစ်လေ၏။ ထိုအလုပ်ကလည်း သူလိုနေသော အလုပ်ပင် ဖြစ်လေ၏။ ထိုအလုပ်ကိုမှ မရလျှင် မူယာချိုသည့် မည်သည့်အလုပ်ကိုမှ လုပ်မည့်ပုံ မပေါ်ပေ။ ထို့ကြောင့် ကျွန်ုပ်သည် မူယာချိုဆိုသည့် မိန်းကလေးအတွက် ကိုယ်လိုချင်သည့် အလုပ်ကို ရအောင်လျှောက်နိုင်သော ယတြာနည်းကို အောက်ပါအတိုင်း ဖော်ပြလိုက်လေတော့သတည်။


မရမရှိအလုပ်ရသောနည်း

သို့....
မူယာချိုရေ...

ဒီလိုလုပ်ပါဗျာ။ အရင်ဆုံး မူယာချို အလုပ်လိုချင်တဲ့ အလုပ်နေရာကို မြင်လောက်တဲ့ နေရာကိုသွားပါ။ အဲဒိနေရာက မြေကြီး လက်တစ်ဆုပ် ယူလာခဲ့ပါ။ နောက်ပြီး ဘဏ်တိုက်အနီးအနားက မြေကြီး လက်တစ်ဆုပ် ယူလာခဲ့။ နောက် အင်မတန် လူစည်ကားရောင်းကောင်းတဲ့ စတိုးဆိုင်တစ်ဆိုင် အနီးအနားက မြေကြီးက လက်တစ်ဆုပ်၊ နောက် တောင်မြောက်တန်းနေတဲ့ ရထားလမ်းက မြေကြီး လက်တစ်ဆုပ်ရယ် အဲဒီ မြေလေးမျိုးကို ရောပစ်လိုက်။ ပြီးရင် စားပွဲတစ်ခုပေါ်မှာ စက်ဝိုင်းပုံပုံလိုက်။ အဲဒီ စက်ဝိုင်းရဲ့ အလယ်ခေါင်တည့် တည့်မှာ ဖယောင်းတိုင် တစ်တိုင်ထွန်း။ ပြီးတော့ မူယာချို အလိုရှိတဲ့ အလုပ်သေချာပေါက် ရပြီလို့ အာရုံပြုပြီး

အ-အာ-၏-ဤ-အု-အူ-အေ-အဲ-အော့-အော်-အံ-အား ဆိုတဲ့ သရ(၁၂)လုံးကို (၂၇)ကြိမ်ရွတ်လိုက်။ ပြီးရင် ထွန်းထားတဲ့ ဖယောင်းတိုင်ကို လက်နှစ်ဖက်နဲ့ အလုပ်ရပြီဆိုပြီး ရိုက်သတ်လိုက်။ ပြီးရင် မြေကြီးတွေကို ပြန်စုပြီး စာအိပ်ကြီး တစ်အိပ်ထဲကိုထည့်။ ပြီးတော့ အဲဒီ စာအိတ်ကြီးကို ဆောင်သွားပြီး အလုပ်ကိစ္စ သွားပြောပေတော့ မူယာချိုရေ...။ ဒီနည်းကတော့ ကိုယ်လိုချင်တဲ့ အုပ်ကို သေချာပေါက်ရစေတဲ့နည်းပဲ ...

နောက်တစ်လခန့်အကြာတွင် မူယာချိုသည် အထက်ပါစာကဲ့သို့ ရှည်လျှားသော စာတစ်ဆောင်ကို ကျွန်ုပ်၏ အီးမေးလ်လိပ်စာဖြင့် ရေးသားပေးပို့ခဲ့ပြန်လေတော့၏။ ထိုစာသည် မူယာချိုထံမှ သူလိုချင်သောအလုပ် ရသွးပြီ ဖြစ်သည့်အတွက် အရမ်းကျေးဇူးတင်ကြောင်းနှင့် ပညာပူဇော်ခကိုလည်း အဆင်ပြေသလို ပို့ပေးလိုက်မည် ဖြစ်ကြောင်းရေးထားသော စာဖြစ်ကြောင်းကို ကျွန်ုပ်၏ စာဖတ်သူများအား တကူးတက ပြောပြစရာလိုမည် မထင်ပါကြောင်း.............

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်-ထိုင်းနိုင်ငံ-မဟာချိုင်မြို့

ပြုတ်သွားတဲ့အလုပ် ပြန်ရအောင်လုပ်မယ်

(နို့)-(No) ဖြင့် အလုပ်ပြန်ရခြင်း

ကျွန်ုပ်ထောင်မှ လွတ်လာသော အခါ၌ ကျွန်ုပ် နေထိုင်သော အခန်းမှာ နေ၍မရအောင် ပျက်စီး နေသောကြောင့် တပည့်ဖြစ်သူ သိဒ္ဓိဆန်းဆိုသော ဗေဒင် ဆရာလေး၏ အိမ်၌ သွားရောက်၍ နေထိုင်ရလေ၏ သိဒ္ဓိဆန်းမှာ ဗေဒင်ဆရာ ဖြစ်သကဲ့သို့ ၎င်း၏ ဇနီး အေးချမ်းမြင့်မှာလည်း ဗေဒင်ဆရာမ ဖြစ်သောကြောင် နံနက် မိုးလင်းသည်နှင့် တပြိုင်နက် ၎င်းတို့၏ ဗေဒင်ဆိုင်ခန်း အသီးသီးသို့ ထွက်သွားလေတော့၏။

ကျွန်ုပ်သာလျှင် ၎င်းတို့အိမ်၌ ကျန်ခဲ့ပြီး ၎င်းတို့၏ သားသမီးများကို ဈေးဝယ်ခိုင်းသူကို ၀ယ်ခိုင်းရ၏ ။ ထမင်းချက် မည့်သူကို ချက်ခိုင်းရ၏ ။ အ၀တ် လျှော်ခိုင်းသူကိုလည်း လျှော်ခိုင်းထားရ၏ ။ ထိုအလုပ်များ ပြီးသော အခါ၌လည်း… ဟိုအိမ်… ဒီအိမ်သို့ မသွားရန် ကြပ်မတ်ရလေ၏။

တစ်နေ့တွင် သိဒ္ဓိဆန်းသည် ဗေဒင်ဆိုင်မှ ပြန်လာပြီးလျှင် ကျွန်ုပ်အား “ဆရာကြီးရေ. . .ကျွန်တော်တော့် မြွေဖမ်းမိပြီ.... လုပ်ပါဦး”ဟု ပြောလေတော့၏ ။ ထို့ကြောင့် ကျွန်ုပ်က “အဲဒီ မြွေဖမ်းမိတယ် ဆိုတာကို ရှင်းပြပါဦး” ဟု မေးရလေတော့၏ ။ ထိုအခါ သိဒ္ဓိဆန်းက “ဒီလို ဆရာကြီးရဲ့ ပြီးခဲ့တဲ့ (၃) ရက်လောက်က ကျွန်တော့်ဆီကို အမျိုးသမီး တစ်ယောက် ဗေဒင်လာမေးတယ်. . . ။ သူက မန္တလေးက အလုပ်ကတော့ စက်မှုမှာပါဘဲ ။


သူ့ တိုင်ကိုကြည့်ရင်း နဲ့ ဘာ သွားတွေ့သလဲ ဆိုတော့ တနင်္ဂနွေ ဂြိုလ်မှာ ဆန့်ကျင်ဂြိုလ် ကပ်နေတယ်။ ဂြိုလ်ကလည်း ကိစ္စဂြိုလ် ဖြစ်နေတယ်။ အဲ့ဒီတော့ ခင်ဗျားရဲ့ အထက်လူကြီး ဆရာသမားလို ပုဂ္ဂိုလ်မျိုး အလုပ်ပြုတ် လိမ့်မယ်လို့ ထည့်ပြီး ဟောမိ လိုက်လေရော။ အဲဒီမိန်းမရဲ့  ဆရာက အရာရှိကြီးပါပဲ။ မကြာခင် ရက်ပိုင်းကပဲ အထက်ကမေးတာကို ပြောတဲ့နေရာမှာ ကျေနပ်ဖွယ်ရာ မတွေ့ရလို့ သူ့ကို အလုပ်ဖြုတ် ပစ်လိုက်တယ်။ အလုပ်ပြုတ်ပြီးသား ဖြစ်နေတာကိုတွေ့ရတယ် ။

အဲဒီတော့ ဒီမိန်းမက သူ့ဆရာဆီကို ၀င်ပြီး ဗေဒင် ကြည့်ခဲ့ကြောင်း ဗေဒင်က အလွန်မှန်ကြောင်း သူ့ဆရာ အလုပ်ပြုတ်မဲ့ ကိစ္စကိုတောင် သူ့ကိုကြည့်ပြီး ဟောနိုင်ကြောင်း ပြောပြ လိုက်ပါရော.... အဲဒီမှာ အဲ့ဒီလူကြီး ကျွန်တော့်ကို အတော် စိတ်ဝင်စားသွားပုံ ရတယ်။ အဲဒိတော့ သူ့ဆီကို ခေါ်ခဲ့ဖို့ ပြောပါလေရော. . . ။


အဲ့ဒီမိန်းမ ကလည်း ကျွန်တော့်ကို သူ့ဆီကို ခေါ်သွားပေးတယ်. . . အဲဒီတော့ အဲဒီလူကြီးက ကျွန်တော်နဲ့ တွေ့ လျှင် တွေ့ ချင်းပဲ ဆရာဟောတာ အတော်တော် တာပဲတဲ့. . . တပည့်ရဲ့ ဗေဒင်ကိန်းကို ကြည့်ပြီး သူ့ဆရာ အလုပ်ပြုတ်မယ်လို့ အတတ်ဟောနိုင်တယ် လို့ ချီးကျူးပါလေရော. . .အဒီလိုလည်း ချီးကျူးရော. . . ကျွန်တော်လည်း မြောက်သွားတာပေါ့ မြောက်သွားတဲ့ အချိန်မှာပဲ အဲဒီလူကြီးက ဒီလောက်တော်တဲ့ ဆရာ အလုပ်ပြန်အောင်လည်း ဓါတ်ရိုက် ပေးနိုင်မှာပေါ့ ပြောသေးတယ်။

အဲဒါကို ကျွန်တော်က ရိုက်ပေးပါမယ်လို့ ပြောလိုက်မိတယ်။ ဒါပေမယ့် ဘယ်လို ရိုက်ရမယ် ဆိုတာလည်း ကျွန်တော် မသိဘူး ဆရာကြီးနဲ့ တွေ့ မှ မေးရမယ်ဆိုပြီး ပြဿနာကို ကျွန်တော် ယူခဲ့တာပဲ”ဟုပြော၏ ။ ထိုအခါ ကျွန်ုပ်က “မင်းနှယ့်ကွာ. . . မင်းလည်း ရုံးမှာ လုပ်ဖူးတာပဲ. . . အစိုးရ အလုပ်မှာက ညစောင့်တောင် ပြုတ်ပြီးရင်ပြန်ခန့်လို့မရဘူးကွ. . . ဒီလောက် ရာထူးအကြီးကြီး ဘယ်လိုလုပ် ပြန်ခန့်မလဲကွာ မဖြစ်နိုင်တာကို မင်း က ပြောခဲ့ကိုး”. . .ဟု ကျွန်ုပ်က အပြစ်တင် မိလေ၏ ။

ထိုအခါ သိဒ္ဓိဆန်းက “မတတ်နိုင်ဘူး ဆရာကြီးရေ. . . ရိုးရိုးယတြာနည်း နဲ့ မရလည်း ဆရာ လုပ်နေကျ ကောင်းကင်က ယတြာနည်းနဲ့ လုပ်ရမှာပဲ. . . လုပ်ပေးပါ ဆရာကြီးရယ်” ဟုပြောလေတော့၏ ။ စိတ်ငြိမ်စေရန် အတွက် လက်ဖက်ရည် အချိုတစ်ခွက် သောက်ပြီးလျှင် စိတ်ကို တည်တည်ငြိမ်ငြိမ် ထား၍ ကောင်းကင်ဆီသို့ မျက်နှာကို မော့ပြီး မျက်စိကို မှိတ်ကာ အတွက် ယတြာကို တောင်းလေ၏ ။

ထိုအချိန်၌ ကျွန်ုပ်၏ အာရုံတွင် ခြောက်လက္ခ ဖန်ခွက်ကြီးတွင် ဘေးရှိ ‘နိုး’ ဆိုသော စာတမ်း တစ်လုံးနှင့် အခြားတစ်ဘက်ရှိ (No) စာလုံး တစ်လုံးကို တွေ့ရလေ၏ ထိုဖန်ခွက်ထဲသို့ နွားနို့ပူပူများ လောင်းထည့် နေသည်ကို တွေ့ ရပြန်၏ ။ ပြီးလျှင်ထို ဖန်ခွက်ကို အိမ်ရှိ ဘုရားစင်၌ ကပ်လှူ ပုဇော်နေသည်များကို သိဒ္ဓိဆန်းအား ပြောပြမိတယ်။

သိဒ္ဓိဆန်းလည်း ချက်ချင်းပင် ထိုလူကြီး အိမ်ကို ထသွားပြီး နောက်တစ်နေ့ နံနက်တွင် ယတြာ ပြုလုပ်ရန် အတွက် ဖန်ခွက်တွင် ဆေးအဖြူဖြင့် ‘နို့’ နှင့် (No) ကို ရေးပေးခဲ့ပြန်၏ ။ ထိုလူကြီးလည်း နောက်တစ်နေ့တွင် ဖန်ခွက်ထဲသို့နွားနို့ လောင်းထည့်ကာ ဘုရား၌ လှူဒါန်းလိုက်လေ၏ ။ ထိုသို့ လှူဒါန်းပြီး ၃ ရက်ခန့် အကြာတွင် အထက် လူကြီးများက ပြန်လည် သုံးသပ်ကာ ထိုလူကြီးအား အလုပ်ပြန်၍ ခန့်လိုက်လေတော့၏ ။

ထိုလူကြီးသည် သိဒ္ဓိဆန်း ထံသို့လာရောက်ပြီး ကျေးဇူးတင်ကြောင်း ပြောပြလေ၏ ။သိဒ္ဓိဆန်းလည်း လွန်စွာ ၀မ်းမြောက် ၀မ်းသာ ဖြစ်သွားပြီးလျှင် ကျွန်ုပ်အပါအ၀င် လူ(၅)ဦးကို ကြက်ဂိတ်ရှိ မန်းမြို့ တော် စားသောက်ဆိုင် တစ်ဝိုင်း ကျွေးလေတော့သတည်း. . . .

မှတ်ချက် ။ ယခု ကျွန်ုပ်တင်ပြသော အကြောင်းအရာကို မယုံကြည် သူများက အလကားပါကွာ မဟုတ်က ဟုတ်ကတွေ ဖြီးပြီး ရေးနေတယ်လို့ အထင် ရောက်ကောင်း ရောက်လိမ့်မည်။ ထိုသို့ အထင်ရောက်ပါက ကျွန်ုပ် ထံသို့ လာခဲ့ပါ။ ထိုအဖြစ်အပျက်တွင် အဓိကကျသော သူများနှင့် တွေ့ ပေးပါမည်။
 
ပြုတ်သွာတဲ့အလုပ် ပြန်ရအောင်လုပ်မယ်
 
ဖန်ခွက်ကြီးကြီးတစ်ခွက်မှာ
တစ်ဖက်ချမ်းမှာတော့မြန်မာလို (နို့) လို့
ရေးရမယ်။
နောက်တစ်ဖက်ချမ်းမှာတော့
အင်္ဂလိပ်လိုရေးရမယ်။
(NO)-လို့ရေးရမယ်။
ပြီးတော့ အဲဒီဖန်ခွက်ထဲမှာ
နွာနို့စစ်စစ် အပြည့်ထည့်ပြီး
မြတ်စွာဘုရားအား
ကပ်လှူဆုတောင်းပါ။
ပြုတ်သွားတဲ့အလုပ်ပြန်ရဖို့
ဆုတောင်းလိုက်ပါ။
 
 
မေးမြန်းသမျှဖြေဆိုနိုင်ကြောင်းဂါထာ

ဘူရိမ ပညော သိပ္ပံနံ
သဗ္ဗေသံ ကုသလော ဘဝေ။
ဝိသဇ္ဇ တုံ သမထောဝ
သဗ္ဗ ပုစ္ဆာနံ ထာနသော။
 
 
ကုမ္ပဏီ(သို့မဟုတ်)ဘာအလုပ်ပဲဖြစ်ဖြစ်..
လူလျော့မယ်လို့
သတင်းကြားတယ်ဆိုပါစို့။
အဲဒီအထဲမှာ
ကိုယ်မပါချင်ဘူးဆိုရင်
မုန့်ဆီကြော်(သို့)မုန့်ကပ်ကြော် ကျွေးပါ။

အလုပ်ထွက်ခွင့်ရရန်

No comments:

Post a Comment